ပွဲမ၀င်ခင် အပြင်ကကျင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း
တမူးမြို့၊အောင်တော်မူဓမ္မစကူးလ်သင်ကြားရေးဆိုင်ရာတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၁၃၇၅ ခုနှစ်၊တပေါင်လဆန်း(၃)ရက်(၃-၃-၂၀၄)တနင်္လာနေ့ ညနေ(၅)နာရီအချိန်တွင် အောင်တော်မူ ပရိယတ္တိစာသင်တိုက်အတွင်းရှိ အောင်တော်မူဓမ္မစကူးလ်ရုံးခန်း၌ကျင်းပရာ အောင်တော်မူဓမ္မစကူးလ် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌနှင့်သင်ကြားရေးအဖွဲ့ခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တကာရုဏိက အမှူး ပြုသော သင်ကြားစီမံသံဃာတော်များနှင့်ဆရာမများစုံညီစွာတက်ရောက်ကြသည်။ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် ဥက္ကဌအဖွဲ့ခေါင်းဆောင်ဆရာတော်က အစည်းအဝေးခေါ်ယူရခြင်းအကြောင်းကို ရှင်းလင်းမိန့်ကြားပြီး သင်ကြားရေးဆိုင်ရာ လုပ်ငန်းကိစ္စများကို ဆွေးနွေးပေးကြပါရန် မိန့်ကြားခဲ့ပါ သည်။ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်အရ ၁၃၇၅ ခုနှစ်၊တပေါင်လဆန်း(၉)ရက်(၉-၃-၂၀၄)တနင်္ဂနွေ နေ့ တွင် စတင်ဖွင့်လှစ်ရန် သင်္ခန်းစာများသင်ကြားရာ၌ G-1 (ပထမတန်း)တွင် ဗဟိုအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း ဆရာမဒေါ်မြတ်မွန် ဦးဆောင်သင်ကြားကာ ဦးဥာဏိဿရ၊ ဆရာမဒေါ်အိအိဝင်း၊ ဆရာမဒေါ်မဉ္ဖူဝင်းတို့က ပါဝင်ကူညီဆောင်ရွက်ရန် ၊ G-2 (ဒုတိယတန်း)တွင် ဗဟိုအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း ဆရာမဒေါ်ဥာဏ်ဝင်းမော် ဦးဆောင်သင်ကြားကာ ဦးဝရိန္ဒ၊ ဆရာမဒေါ်နုနုရီ၊ ဆရာမဒေါ်ဝင်းရွှေရည်အောင် တို့က ပါဝင်ကူညီဆောင်ရွက်ရန် ၊ G-3 (တတိယတန်း)တွင် ဗဟိုအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း ဆရာတော် ဦးကာရုဏိက ဦးဆောင်သင်ကြားကာ ဦးဝရသာမိ၊ ဆရာမဒေါ်စုစုလှိုင်၊ဆရာမဒေါ်ယဉ်မေဖြူ၊ဆရာမဒေါ်ပြည့်ပြည့် အောင် တို့က ပါဝင်ကူညီဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အောင်တော်မူဓမ္မစကူးလ်ကျောင်းသူ/ကျောင်းသားများအနေဖြင့် နံနက်(၇း၃၀)နာရီတွင် ကျောင်းသို့အရောက်လာကြရမည်ဖြစ်ပြီး စုပေါင်း၍ သီလခံယူခြင်း၊ တရားထိုင်ခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်၍ နံနက်(၈း၀၀)နာရီအချိန်တွင် ကျောင်းသင်္ခန်းစာစတင်မည်ဖြစ်သည်။ အောင်တော်မူဓမ္မ စကူးလ်အရှည်တည်တံ့၍ တမူးတစ်နယ်လုံး လွှမ်းခြုံနိုင်ရန်အတွက် စိတ်ရှည်ခြင်း၊ ဇွဲသန်ခြင်း၊ သည်းခံ ခြင်း တရားများလက်ကိုင်ထားကာ မျိုးဆက်သစ်လူငယ်မောင်မယ်များ “ဘ၀ကို ဓမ္မဖြင့်တည်ဆောက် နိုင်ရန်၊ အမျိုးဘာသာ သာသနာကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ အများအကျိုးကိုသယ်ပိုးရွက် ဆောင်နိုင်ရန် ” အတွက် “စေတနာ၊၀ါသနာ၊အနစ်နာ“ ဟူသော “နာသုံးနာ“ နှင့် ပြည့်စုံအောင် ကြိုးစားပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ ည(၇)နာရီအချိန်တွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
အောင်တော်မူခေါ်ရ ဓမ္မစကူးလ်မှသည်
တမူးနယ်စပ် လွှမ်းခြုံပတ်လို့
မျိုးဆက်မောင်မယ် အသိကြွယ်ပြီး
နောင်ဝယ်ဘ၀ တည်ဆောက်ကြရာ
ဓမ္မတရား လက်ကိုင်ထား၍
ဘုရား သာသနာ အမျိုးဘာသာကို
ထိန်းကာမသွေ စောင့်ရှောက်စေပြီး
တစ်ထွေတစ်မျိုး အများအကျိုးကို
သယ်ပိုးထမ်းရွက် ရည်မှန်းချက်ဖြင့်
ဆက်ဆက်ညီညာ စုပေါင်းကာဖြင့်
မှန်စွာကြိုးကုတ် အားထုတ်ကြစို့။
အောင်တော်မူ ဓမ္မစကူးလ် တွင် ပျိုးဥယျာဉ် အစဉ်တည်တံ့ပြန့်စေသော်
မျိုးဆက်ပင်ပျိုး ရှင်သန်တိုး အမျိုးဘာသာ စောင့်စေသော်…

တမူးမြို့နယ်(မဘသ)မှ ဦးစီး၍ ဓမ္မစကူးလ်သင်တန်းကျောင်းကို (၉-၃-၂၀၁၄)ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါသည်။ သင်တန်းသားများ ပြည့်မှီသွားပြီစြဖ်ပါသည်။ မဘသ(ဗဟို)၏ သတ်မှတ်သည့် သင်တန်းဇယားအတိုင်းဆောာင်ရွက်ရသည်ဖြစ်၍ သင်တန်းသားအား ကန့်သတ်ဖွင့်လှစ်ရပါသည်။ သင်တန်းသား သင်ထောက်ကူပစ္စည်းများ လိုအပ်ချက်ကြောင့် ကန့်သတ်ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ သင်တန်းသို့တက်ေ၇ာက်လိုကြ သော်လည်း သင်တန်းသားပြည့်သွားသဖြင့် မအပ်နှံကြရသူများအတွက် နောက်နောင်တွင် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။
ReplyDelete