Monday, 17 March 2014

မီးဘေးသင့်မိသားစုဝင်များအား ထောက်ပံ့ကူညီခြင်း



          (၁၁-၃-၂၀၁၄) အင်္ဂါနေ့ည(၈း၀၀)နာရီခန့်အချိန်တွင် တမူးမြှို့၊ဈေးတန်း(၅/၇)ရပ်ကွက်တို့၌ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် မီးဘေးသင့်ခံရသော မိသားစုများအား တမူးမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များဦးဆောင်၍ သံဃာနာယက ကျောင်းထိုင်ဆရာတော် များ၊ မဘသအဖွဲ့ဝင် ရဟန်းရှင်လူများ၊ စော်ဘွားလူငယ်များ၊ စေတနာရှင်များ လှူဒါန်းထားသော အလှူငွေနှင့်ပစ္စည်းများကို ခွဲဝေထောက်ပံ့ခြင်းအစီအစဉ်ကို ၁၃၇၅ခုနှစ်တပေါင်းလဆန်း(၁၃)ရက်   (၁၃-၃-၂၀၁၄)ကြာသပတေးနေ့ နံနက်(၁၀း၀၀)နာရီခန့်အချိန်က တမူးမဘသ ဥက္ကဌ မြေနီကုန်း ကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ မဘသဥက္ကဌဆရာတော်အမှူးပြုသော အဖွဲ့ဝင်ဆရာတော် များ၊ အဖွဲ့ဝင်လူပုဂ္ဂိုလ်များ၊ ဈေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တကွ မီးဘေးသင့်ခံရသော မိသားစု များ စုံညီစွာတက်ရောက်ကြသည်။
          အခမ်းအနားတွင် မဘသဥက္ကဌဆရာတော်က ထောက်ပံ့ရခြင်းအကြောင်းကို ရှင်းလင်း မိန့်ကြားသြ၀ါဒစကားများဖြင့် ချီးမြှင့်ပြီးသည့်နောက် မီးဘေးသင့်ခံရသော မိသားစုဝင်(၄၈)ဦးအား  တစ်ဦးလျှင် ငွေသား(၂၃၀၀၀)ကျပ် ဆန်(၁)တင်း(၂)ပြည်နှင့် အိမ်ထောင်စု(၁၃)စုအတွက် အသုံးအဆောင်ပစ္စည်းမျိုးစုံ စုစုပေါင်းငွေသားနှင့်ပစ္စည်းတန်ဘိုး(၂၃၄၈၀၅၀)ကျပ်အား ထောက်ပံ့ ကူညီခဲ့ပါသည်။

Tuesday, 11 March 2014

အောင်တော်မူဓမ္မစကူးလ်ပုံရိပ်များ

အောင်တော်မူဓမ္မစကူးလ်ရဲ့စာအုပ်၊ဘောလ်ပင်၊ခဲတံ၊ရေသန့်နှင့်အထွေထွေပစ္စည်းလှူဒါန်းကြသူများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ကြည်နူးဖွယ်ရာ ဓမ္မစကူးလ်ကလေးငယ်များ၏ ပုံရိပ်များ








Saturday, 8 March 2014


အောင်တော်မူ ဓမ္မစကူးလ်ဖွင့်ပြီ
တမူးမြို့အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များဦးစီး၍ တမူးမြို့၊ အောင်တော်မူ ပရိယတ္တိစာသင်တိုက်တွင် (၉-၃-၂၀၁၄)ရက်နေ့တွင် ဓမ္မစကူးလ် Grade-I , Grade-II , Grade-III တန်းခွဲ(၃)ခုအား တန်းခွဲတစ်ခုလျှင် (၄၀)ယောက်နှုန်းဖြင့် စတင်ဖွင့်လှစ် ခဲ့ပါသည်။
(၈-၃-၂၀၁၄)ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်၌ ဖွင့်ပွဲအခမ်းအနားကျင်းပရာတွင် တမူးမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများ၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူ/ကျောင်းသာများ၊ ဓမ္မစကူးလ်အသင်းဝင်များ ၊သင်ကြားရေး ဆရာမများနှင့်သံဃာတော်များ စုစုပေါင်း အင်အား(၄၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် တမူးမြို့၊အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥက္ကဌဆရာတော် မှ အဖွင့်သြ၀ါဒစကားပြောကြားရာတွင် ဆရာ၊ဒကာ လက်တွဲကာဖြင့် စုပေါင်းညီညာဆောင်ရွက်ပါမှ အများအကျိုး သယ်ပိုးနိုင်မည့် သားကောင်းရတနာများပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်။
မြို့နယ်သံဃနာယကဆရာတော်မှလည်း ယခုလို ဓမ္မစကူးလ်ကျောင်းတွေ များများဖွင့်လှစ် နိုင်အောင်ဆောင်ရွက်သွားကြဖို့တိုက်တွန်းလိုကြောင်း၊ ကလေးများ၏ဘ၀ထဲတွင် ငယ်စဉ်အခါထဲက ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို အစဉ်ကိန်းဝပ်နေစေရန် အတွက် ပြုစုပျိုးထောင်သွား ဖို့ လိုအပ်ကြောင်းကို ပြောကြားသွားခဲ့ပါသည်။
ဓမ္မကူးလ်ကျောင်း ဥက္ကဌဆရာတော်မှ နိဂုံးချုပ်သြ၀ါဒ စကားပြောကြားရာတွင် ယခုလို ဓမ္မစကူးစလ်ကျောင်းဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အထူးပင် ၀မ်းသာပီတိဖြစ်မိ ကြောင်း၊ နောက်နောင်တွင် ဓမ္မစကူးလ်ကျောင်းတွေ များစွာပေါ်ထွန်းလာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဓမ္မစကူးလ်ကျောင်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားရှိကြောင်းနှင့် အားလုံးညီညာစွာဖြင့် လက်တွဲပါဝင်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ဓမ္မစကူးလ်ကျောင်း ဖြစ်မြောက်အောင်မြင်နိုင်ရန်အတွက် စာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ကလေးဝတ်စုံနှင့်ရေသန့်အလှူရှင်များ၊ အပတ်စဉ်အာဟာရအလှူရှင်များ အဘက်ဘက်မှ ပါဝင်ကူညီလှူဒါန်းကြသူများကိုလည်း ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့ကြပါသည်။

Thursday, 6 March 2014

ဓမ္မစကူးလ်တွေဖွင့်ရာမှာ အသင်းဝင်ရင်း သာသနာပြုကြစို့

အမျိုး ဘာသာ သာသနာ အရှည်တည်တံ့ခိုင်ခံ့နိုင်ဖို့ ဓမ္မစကူးလ်တွေ များများဖွင့်နိုင်ပါစေ

Wednesday, 5 March 2014

ဓမ္မစကူးလ်ဖွင့်တော့မည်

တမူးမြို့နယ်(မဘသ)မှ ဦးစီး၍ ဓမ္မစကူးလ်သင်တန်းကျောင်းကို (၉-၃-၂၀၁၄)ရက်နေ့၌ အောင်တော်မူစာသင်တိုက်တွင် ဖွင့်လှစ်မှာဖြစ်ပါသည်။ သင်တန်းသားများ ပြည့်မှီသွားပြီဖြစ်ပါသည်။ မဘသ(ဗဟို)၏ သတ်မှတ်သည့် သင်တန်းဇယားအတိုင်းဆောာင်ရွက်ရသည်ဖြစ်၍ သင်တန်းသားအား ကန့်သတ်ဖွင့်လှစ်ရပါသည်။ သင်တန်းသား သင်ထောက်ကူပစ္စည်းများ လိုအပ်ချက်ကြောင့် ကန့်သတ်ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ သင်တန်းသို့တက်ေ၇ာက်လိုကြ သော်လည်း သင်တန်းသားပြည့်သွားသဖြင့် မအပ်နှံကြရသူများအတွက် နောက်နောင်တွင် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။

အနာဂတ် ကလေးငယ်တွေလိမ္မာဖို့ ဓမ္မစကူးလ်တွေဖွင့်ကြစို့


ပွဲမ၀င်ခင် အပြင်ကကျင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း
တမူးမြို့၊အောင်တော်မူဓမ္မစကူးလ်သင်ကြားရေးဆိုင်ရာတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၁၃၇၅ ခုနှစ်၊တပေါင်လဆန်း(၃)ရက်(၃-၃-၂၀၄)တနင်္လာနေ့ ညနေ(၅)နာရီအချိန်တွင် အောင်တော်မူ ပရိယတ္တိစာသင်တိုက်အတွင်းရှိ အောင်တော်မူဓမ္မစကူးလ်ရုံးခန်း၌ကျင်းပရာ အောင်တော်မူဓမ္မစကူးလ် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌနှင့်သင်ကြားရေးအဖွဲ့ခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တကာရုဏိက အမှူး ပြုသော သင်ကြားစီမံသံဃာတော်များနှင့်ဆရာမများစုံညီစွာတက်ရောက်ကြသည်။ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် ဥက္ကဌအဖွဲ့ခေါင်းဆောင်ဆရာတော်က အစည်းအဝေးခေါ်ယူရခြင်းအကြောင်းကို ရှင်းလင်းမိန့်ကြားပြီး သင်ကြားရေးဆိုင်ရာ လုပ်ငန်းကိစ္စများကို ဆွေးနွေးပေးကြပါရန် မိန့်ကြားခဲ့ပါ သည်။ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်အရ ၁၃၇၅ ခုနှစ်၊တပေါင်လဆန်း(၉)ရက်(၉-၃-၂၀၄)တနင်္ဂနွေ နေ့ တွင် စတင်ဖွင့်လှစ်ရန် သင်္ခန်းစာများသင်ကြားရာ၌ G-1 (ပထမတန်း)တွင် ဗဟိုအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း ဆရာမဒေါ်မြတ်မွန် ဦးဆောင်သင်ကြားကာ ဦးဥာဏိဿရ၊ ဆရာမဒေါ်အိအိဝင်း၊ ဆရာမဒေါ်မဉ္ဖူဝင်းတို့က ပါဝင်ကူညီဆောင်ရွက်ရန် ၊ G-2 (ဒုတိယတန်း)တွင် ဗဟိုအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း ဆရာမဒေါ်ဥာဏ်ဝင်းမော် ဦးဆောင်သင်ကြားကာ ဦးဝရိန္ဒ၊ ဆရာမဒေါ်နုနုရီ၊ ဆရာမဒေါ်ဝင်းရွှေရည်အောင် တို့က ပါဝင်ကူညီဆောင်ရွက်ရန် ၊ G-3 (တတိယတန်း)တွင် ဗဟိုအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း ဆရာတော် ဦးကာရုဏိက ဦးဆောင်သင်ကြားကာ ဦးဝရသာမိ၊ ဆရာမဒေါ်စုစုလှိုင်၊ဆရာမဒေါ်ယဉ်မေဖြူ၊ဆရာမဒေါ်ပြည့်ပြည့် အောင် တို့က ပါဝင်ကူညီဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အောင်တော်မူဓမ္မစကူးလ်ကျောင်းသူ/ကျောင်းသားများအနေဖြင့် နံနက်(၇း၃၀)နာရီတွင် ကျောင်းသို့အရောက်လာကြရမည်ဖြစ်ပြီး စုပေါင်း၍ သီလခံယူခြင်း၊ တရားထိုင်ခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်၍ နံနက်(၈း၀၀)နာရီအချိန်တွင် ကျောင်းသင်္ခန်းစာစတင်မည်ဖြစ်သည်။ အောင်တော်မူဓမ္မ စကူးလ်အရှည်တည်တံ့၍ တမူးတစ်နယ်လုံး လွှမ်းခြုံနိုင်ရန်အတွက် စိတ်ရှည်ခြင်း၊ ဇွဲသန်ခြင်း၊ သည်းခံ ခြင်း တရားများလက်ကိုင်ထားကာ မျိုးဆက်သစ်လူငယ်မောင်မယ်များ “ဘ၀ကို ဓမ္မဖြင့်တည်ဆောက် နိုင်ရန်၊ အမျိုးဘာသာ သာသနာကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ အများအကျိုးကိုသယ်ပိုးရွက် ဆောင်နိုင်ရန် ” အတွက် “စေတနာ၊၀ါသနာ၊အနစ်နာ“ ဟူသော “နာသုံးနာ“ နှင့် ပြည့်စုံအောင် ကြိုးစားပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ ည(၇)နာရီအချိန်တွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အောင်တော်မူခေါ်ရ ဓမ္မစကူးလ်မှသည်
တမူးနယ်စပ် လွှမ်းခြုံပတ်လို့
မျိုးဆက်မောင်မယ် အသိကြွယ်ပြီး
နောင်ဝယ်ဘ၀ တည်ဆောက်ကြရာ
ဓမ္မတရား လက်ကိုင်ထား၍
ဘုရား သာသနာ အမျိုးဘာသာကို
ထိန်းကာမသွေ စောင့်ရှောက်စေပြီး
တစ်ထွေတစ်မျိုး အများအကျိုးကို
သယ်ပိုးထမ်းရွက် ရည်မှန်းချက်ဖြင့်
ဆက်ဆက်ညီညာ စုပေါင်းကာဖြင့်
မှန်စွာကြိုးကုတ် အားထုတ်ကြစို့။
အောင်တော်မူ ဓမ္မစကူးလ် တွင် ပျိုးဥယျာဉ် အစဉ်တည်တံ့ပြန့်စေသော်
မျိုးဆက်ပင်ပျိုး ရှင်သန်တိုး အမျိုးဘာသာ စောင့်စေသော်…